Friday, 21 December 2007
သြော်...စစ်ခွေး
သက်ကရာဇ် ၂၁၀၀ မြန်မာကလေးတစ်ယောက်သမိုင်းဖတ်စာကျက်နေသည်။ ထိုဖတ်စာမှာကား `၁၉၈၈ ခုနှစ်မှ ၂၀၀၇ ခုနှစ် အထိ မြန်မာပြည်တွင် မျိုးမစစ်သော ခွေးတသင်းတို့ အုပ်ချုပ်မှုနေရာသို့ အတင်း အဓမ ၀င်လုကုန်လေသည်။ ထို ခွေးတသင်းတို့ လက်ထပ် ရဟန်းရှင်လူ ပြည်သူအပေါင်း မီးကဲ့သို့ ပူ၏။ ထိုတသင်းတို့ ခေါင်းဆောင်ကြီးသည် ပညာရှိစကားနားမယူ။ အမှန်ကို အမှန်မသိ။ ပြည်သူပြည်သားအပေါင်းကို ကျေးကျွန်ကဲ့သို့ ပြု၏။ လိမ်လည် လှည့်ဖြား၏။ ကောက်ကျစ်ယုတ်မာ၏၊ မင်းကျင့်တရား (၁၀) ပါးကိုမသိ။ အဂတိလိုက်၏။ အမျက်ကြီး၏။ ဗုဒ္ဓသာသနာတော်ကို မချီးမြှောက် မိစ္ဆာဒိဌိ ကို အားပေးကာ.. ရဟန်းတို့ကို သတ်၏ ရိုက်၏ ငြင်းပန်းနှိပ်စက်၏။ တိုင်းပြည်တွင်ပညာရှိတို့မနေ တခြားသို့သာသက်ကြကုန်၏။ ထိုမင်း၏ တပည့် လက်သား ခွေးသရမ်း တို့ကား ပြည်သူဘဏ္ဍာကို ခိုးဝှက်၏ သူများသားမယားကို ဖျက်ဆီးသိမ်းပိုက်၏။ သူတို့ခေါင်းဆောင် ခွေးချုပ်ကြီး ကို ဆန့်ကျင်သူတို့ကို သတ်၏။ ဖမ်းဆီးကြ၏။ အကျင့် သိက်ခါမရှိ။ ရမ်မက်ကြူးသောဘီးလူးကဲ့သို့ပြုမှု၏။ ရဟန်းမှန်းမသိ။ ပညာရှိမှန်းမသိ။ ပစ်မှား၏။ ထိုတသင်းတို့၏ ခေါင်းဆောင်ကြီးအား ထိုထိုသော အရာတို့သည် မှား၏ .. သည်အရာ တို့သည် မလုပ်သင့်ပေ.. ဤအရာသည် အမှန်သို့ရောက်အောင်ပြောင်းလဲရမည် ဟုဆိုသော ကောင်းမွန်သော အကြံပြုစကား၊ ပြည်သူနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေလိုသော စကားတို့ကို ပြောသူတို့အား ထောင်သွင်းအကျဉ်းချ၏.. သတ်ပစ်၏။ ငြင်းပန်းနှိပ်စက်၏။ ထိုတသင်း၏ ခေါင်းဆောင်ကြီးသည် ကျေးဇူးကိုကျေးဇူးမှန်းမသိတတ်.. ရဟန်းကို ရဟန်းမှန်း မသိတတ်.. ရဟန်းစစ် ကို ရဟန်းတုဟုစွပ်စွဲ၏.. ထိုခေါင်းဆောင်ကြီး၏ သားသမီး မြေးဖြစ်တသိုက် ပြည်သူ့ဘဏ္ဍာကို မိမိ ဟာ ကဲ့သို့မှတ်ယူကာ အလိုရှိတိုင်းခိုး၏.. သုံးစွဲပစ်၏။ ထိုမင်းလက်ထပ် ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် နွေအခါ မွန်းတည့်ချိန်၌ မီးဖိုပေါ်ထိုင်ရသကဲ့သို့ .. ဆောင်းအခါ အ၀တ်မပါ နှင်းတောထဲ ယက်ခပ် ခံနေရသကဲ့သို့ .. မိုးအခါ ထီးမဆောင်းဘဲ လွင်ပြင်ထဲ ရပ်နေရသကဲ့သို့ ရဟန်းရှင်လူပြည်သူအပေါင်းတို့သည် ဆင်းရဲ နွှံထဲ သက်ဆင်းခဲ့ကြရလေသည်။
Subscribe to:
Post Comments (Atom)
1 comment:
Hello. This post is likeable, and your blog is very interesting, congratulations :-). I will add in my blogroll =). If possible gives a last there on my blog, it is about the Wireless, I hope you enjoy. The address is http://wireless-brasil.blogspot.com. A hug.
Post a Comment